Tuesday, November 8, 2011

Renovation of bus stop shelters


အဟောင်းပြုပြင်မြို့တော်ပုသိမ်တွင်

မြို့တော်ပုသိမ်ရှိ ကားမှတ်တိုင်များမှာ လွန်ခဲ့သော ၁၉၉၄ ပတ်ဝန်းကျင်ခန့်က သစ်သားတိုင် သွပ်မိုးဖြင့် ဆောက်လုပ်ခဲ့ခြင်းကြောင့် ယခုအခါ ရာသီဥတုဒဏ်ဖြင့် ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လာပြီး မိုးမလုံခြင်း၊ နားခိုသူ ခရီးသည်များအတွက် ဘေးအန္တရာယ်ရှိနိုင်ခြင်း၊ အမြင်မတင့်တယ်တော့ခြင်း စသည့် မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်မှုများ ဖြစ်ပေါ်လာခဲ့ရာ သက်ဆိုင်ရာက လုပ်ငန်းရှင်များ၏ ကြော်ငြာများကို တပ်ဆင်ခွင့်ပြုခြင်းဖြင့် ပုံများတွင်မြင်တွေ့ရသကဲ့သို့ သံတိုင်၊ သံကိုယ်ထည်၊ အလူဇင့်အမိုးနှင့် ခေတ်မီလှပသော ဒီဇိုင်းတို့ဖြင့် ကားမှတ်တိုင် အသစ်များ ပြင်ဆင်ပြုလုပ်ပေးလျက်ရှိကြောင်း တွေ့ရှိရပါတယ်။
ဆေးရုံဘေးကကားမှတ်တိုင်
ဈေးလေးထောင့်ကကားမှတ်တိုင်

No comments:

Post a Comment