Friday, November 11, 2011

Royal White Elephant visited around Pathein city

ဆင်ဖြူတော်ပုသိမ်မြို့တွင်းလှည့်လည်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ပထမဆုံးပေါ်ထွန်းခဲ့သော ဆင်ဖြူတော်သည် ယနေ့ နံနက် (၀၆း၄၅)နာရီမှ (၀၈း၁၅) နာရီအထိ ပုသိမ်မြို့တွင်း လှည့်လည်ကာ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဦးခိုက်ဖူးမျှော် ခဲ့ကြောင်းသိရှိရပါတယ်။ ဆင်ဖြူတော်သည် အရန်ကွန်ဂျီဆင်နှင့်အတူ ခေတ္တနေထိုင်ရာ သလပ်ခွါမှ ထွက်ခွါခဲ့ရာ ပုသိမ်မြို့ ကြိုးတံတားသို့ နံနက်(၀၆း၄၅)နာရီတွင်ရောက်ရှိခဲ့ပြီး ကမ်းနားလမ်းအတိုင်း ပုသိမ်မြို့တွင်းသို့ဝင်ရောက်ကာ ခတ္တာလမ်းမှ ကုန်သည်လမ်း ရွှေမုဋ္ဌောဘုရားရှေ့သို့ ရောက်ရှိပြီး စေတီတော်အား ခေတ္တရပ်နား ဦးခိုက်ပြီး နောက် မဟာဗန္ဓုလလမ်း အတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဆင်ဖြူတော်လှည့်လည်ရာ လမ်းတလျောက် မြို့တော်သူမြို့တော်သားများက ဆင်ဖြူတော်အား ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပြီး ဆိုင်ကယ်များဖြင့် ဆင်ဖြူတော်နှင့်အတူ လိုက်ပါကာ မြို့ပြင်အထိ ပို့ဆောင်သူများလည်း အထူးများပြားသည့်အတွက် ပုသိမ်မြို့အတွင်း ပြောစမတ်တွင်ရစ်ခဲ့ကြောင်း ဖေါ်ပြလိုက်ရပါတယ်။
ကြိုးတံတားအ၀င်
ကမ်းနားလမ်းညဈေးမရောက်မီ
ရွှေပြည်သာဈေးရှေ့
နာရီစင်ရှေ့
တိုက်ကြီးကျောင်းရှေ့
မြက်တိုဂိတ်အနီး

No comments:

Post a Comment