Saturday, November 19, 2011

Publishing Hulttaw Bulletin

လွှတ်တော်သတင်းလွှာထုတ်ဝေ

ပြည်သူ့အသံ..လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ..လွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်..လွှတ်တော်ကဖေါ်ဆောင်ရွက် ဟူသည့် ဆောင်ပုဒ်ဖြင့် မြို့တော်ပုသိမ်တွင် ၈.၁၁.၂၀၁၁ ရက်နေ့ကစတင်ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး ပထမအကြိမ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး၏ သတင်းလွှာ အတွဲ(၁) အမှတ်(၁)ကို ၉.၁၁.၂၀၁၁ ရက်နေ့မှစတင်၍ ထုတ်ဝေခဲ့ကြောင်း သိရှိရပါတယ်။ သတင်းလွှာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များနှင့် သက်ဆိုင်ရာဝန်ကြီးများ၏အဖြေများ၊ လွှတ်တော်နှင့် ဒီမိုကရေစီဆိုင်ရာ သုတဆောင်းပါးများ၊ အဆိုအမိန့်များ၊ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ၊ ပြင်ပအင်တာဗျူးများ၊ သတင်းသုတနှင့် ကာတွန်းများ စသည်ဖြင့် ကဏ္ဍစုံစုံ ဝေေ၀ဆာဆာ ထည့်သွင်း ဖေါ်ပြထားကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ပွင့်လင်းမြင်သာမှုရှိတဲ့ ဆောင်ရွက်ချက်တွေနဲ့ မီဒီယာများလွတ်လပ်စွာ သတင်းရယူနိုင်ခဲ့ တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့မွှေးပျံ့တဲ့ဂုဏ်သတင်းနဲ့အတူ လွှတ်တော်ဆိုင်ရာသတင်းတွေကို  ပြည်သူသို့ အချိန်မီ ထုတ်ပြန်ပေးနိုင်ဖို့ လွှတ်တော်သတင်းလွှာများကို ထုတ်ဝေသည့်နေ့တိုင်း တစ်မြို့နယ်အတွက် စောင်ရေ(၂၀၀)စီ ပေးပို့ဖြန့်ဝေပေးလျက်ရှိပါတယ်။ ဒါကြောင့် ကျင်းပဆဲ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဟာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ ပြည်သူ့မျှော်လင့်ချက်တွေကို မည်သို့မည်မျှ နားထောင် ခံစားပြီး ဖေါ်ဆောင်နေကြောင်းကို လွှတ်တော်သတင်းလွှာဖတ်ရှုရင်း လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။


1 comment:

  1. အဲဒီလွတ်တော် သတင်းလွာကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့ ဘယ်နေရာမှာ ၀ယ်ယူရရှိနိုင်ပါမလည်းရှင်. .

    ReplyDelete