Monday, January 2, 2012

New concrete roads opening ceremony in PatheinCity

မြို့တော်ပုသိမ် ကွန်ကရစ်လမ်းများ ဖွင့်ပွဲ

(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့တော်ပုသိမ်မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့တဲ့ ကွန်ကရစ်လမ်းတွေထဲက ကုန်သည်လမ်းနဲ့ ဈေးချောင်းလမ်း ဖွင့်ပွဲကို ယနေ့နံနက်မှာ သက်ဆိုင်ရာ လမ်းဖွင့်ပွဲ မုခ်ဦး အသီးသီးမှာ ကျင်းပခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အကြီးအကဲနဲ့ တာဝန်ရှိသူများ ပြည်သူလူထုများ တက်ရောက်ချီးမြှင့်ကြပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပါတယ်။ မြို့တော်ပုသိမ်မှာ ယနေ့အထိ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စည်ပင်သာယာက ကွန်ကရစ်လမ်းပေါင်း (၃၇)လမ်း အရှည်(၅)မိုင်(၃)ဖာလုံ ဖေါက်လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ကုန်သည်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ
ဈေးချောင်းလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ


No comments:

Post a Comment