Tuesday, January 24, 2012

Opening ceremony of new concrete road in Pathein City

မြို့တော်ပုသိမ်တစ်ဖက်ကမ်းက လမ်းဖွင့်ပွဲ

လမ်းဖွင့်ပွဲ အမှတ်တရ
   (၆၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့တော်ပုသိမ်ရဲ့ တစ်ဖက်ကမ်း ရပ်ကွက်(၉)က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အကြီးအကဲကိုယ်တိုင် တက်ရောက်အားပေးခဲ့ပါတယ်။ ဖွင့်ပွဲကျင်းပခဲ့တဲ့လမ်းဟာ စိန်ကုန်း ညောင်ချောင်းလမ်း ဖြစ်ပြီး အတိုင်းအတာအားဖြင့် လမ်းအရှည် ပေ၅၂၃၀ လမ်းအကျယ် ၁၀ပေ ၁၂ပေနဲ့ လမ်းထု ၆လက်မ ရှိပြီး တန်ဘိုး ငွေကျပ် သိန်း၅၂၀ ကျော်နဲ့ စည်ပင်ပြည်သူ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
စိန်ကုန်းလမ်းခင်းခဲ့စဉ်က

No comments:

Post a Comment