Friday, January 6, 2012

Urban Development Planning

မြို့ပြဖွံ့ဖြိုးရေးအစီအမံရေးဆွဲခြင်း

မြို့ပြနေထိုင်မှုဝန်းကျင်အတွက် အဓိကအင်္ဂါရပ်(၄)ခုရှိပါတယ်
   ဖွံ့ဖြိုးတိုးတက်မှုကို ဆန္ဒပြင်းပြစွာ ငတ်မွတ်လာနေကြသော ယနေ့အချိန်တွင် City Development Plan, Town Plan, Urban Development Plan ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ နိုင်ငံတော် သမ္မတကြီးက ရန်ကုန်မြို့တော်ကို စင်္ကာပူကဲ့သို့ ဖြစ်လာစေရန် လမ်းညွှန်ခဲ့ သကဲ့သို့ ဧရာဝတီတိုင်း ဒေသကြီးတွင်လည်း မြို့တော်ပုသိမ်ကို လာရောက် လေ့လာစရာ စံပြမြို့တော် ဖြစ်စေဖို့ ဦးတည် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။ ဒါကြောင့် လေ့လာမှတ်သား သိရှိခဲ့ရတဲ့ မြို့ပြဖွံ့ဖြိုးရေး အစီအမံ ရေးဆွဲခြင်းဆိုင်ရာ အသိသညာတစ်ချို့ကို ကြားဖြတ် အနေနဲ့ ဝေမျှလိုက်ပါတယ်။
   မြို့ပြအင်္ဂါရပ်များကို ဦးစွာဖေါ်ပြလိုပါတယ်။ မြို့အင်္ဂါရပ်ဆိုတာ အသုံးတွင်ကျယ်သလောက် နားလည်ဖို့ ခက်တဲ့ စကားဖြစ်ပြီး မြို့အင်္ဂါရပ်ဆိုတာ ဘာလဲလို့ မေးရင် လမ်းကောင်းခြင်း ရေစီးရေလာကောင်းခြင်း သန့်ရှင်းခြင်း လှပခြင်း မီးလင်းခြင်း စိမ်းလန်းစိုပြေခြင်း စသည်ဖြင့် မျက်မမြင်(၆)ယောက် ဆင်စမ်းသလို ပြောကြမယ် ထင်ပါတယ်။ 
  UNCRDကတော့ မြို့အင်္ဂါရပ်(၄)ခုရှိတယ်လို့  ဖွင့်ဆိုထားပါတယ်။ အခြေခံ အကျဆုံးကတော့ လုံခြုံမှု Safety ဖြစ်ပြီး ကျန်းမာရေး Health သက်တောင့်သက်သာရှိမှု Convenience တို့ဖြတ်သန်းကာ နောက်ဆုံး သာယာချမ်းမြေ့မှု Amenity ကိုရောက်ရှိမှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် မြို့တစ်မြို့ကို မြို့အင်္ဂါရပ်နဲ့အညီ ဖွံ့ဖြိုးစေရေး အစီအမံ Urban Development Plan ဆိုတာ ဘယ်လောက် ကျယ်ပြန့် နက်နဲမယ်ဆိုတာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ နာဂိုရာမြို့
    ပထမဆုံး လုံခြုံမှု Safety ဆိုတာကို ရှင်းလင်းချင်ပါတယ်။ လုံခြုံမှုဆိုရာမှာ နေ့စဉ်ဘ၀ လုံခြုံမှု Safety in daily life နဲ့ ဘေးအန္တရာယ်လုံခြုံမှု Safety against disaster တို့ပါဝင်ပြီး နေ့စဉ်ဘ၀ လုံခြုံမှုဆိုရာမှာ ရာဇ၀တ်မှုများတားဆီးခြင်း Prevention of crime လမ်းသွားလာမှုလုံခြုံရေး Safety of traffic နဲ့ နေထိုင်မှုလုံခြုံရေး Safety of living တို့ပါဝင်ပါတယ်။ လုံခြုံမှုအတွက် Indicator တွေကတော့ ရာဇ၀တ်မှုဖြစ်ပွါးမှုအချိုး Ratio of crime occurrence ယာဉ်ကြောင့်မတော်တဆဖြစ်မှုအချိုး Ratio of traffic accident သစ်အိမ်များ၏အရေအသွေး Quality of wooden house မီးသတ်ဌာနနှင့်အကွာအဝေး Distance to fire house ဆောက်လုပ်ရေးလုပ်ငန်းများ၏စံချိန်စံညွှန်း Construction standard ဘေးအန္တရာယ်ပြမြေပုံ Hazard map ဘေးအန္တရာယ်ကာကွယ်ရေး လေ့ကျင့်မှု Evacuation training နဲ့ လူမှုဘ၀ဖွံ့ဖြိုးရေး Community development တို့ဖြစ်ပါတယ်။ (ဆက်လက်ဖေါ်ပြပါ့မယ်)

1 comment:

  1. Convenience နှင့် Amenity ကို ဆက်လက်၇ှင်းလင်းပေးစေလိုပါသည်။ ကျေးဇူးပြု ဖြစ်နိုင်ပါလျှင် aungkyawthetwhite@gmail.com သို့ ပို့ပေးစေလိုပါသည်။ လေးစားစွာဖြင့်..

    ReplyDelete