Tuesday, January 3, 2012

Solid Waste Management

အမှိုက်စီမံခန့်ခွဲမှု

Regional Development ဒေသဖွံ့ဖြိုးရေးအတွက် ပထမအဓိကမဏ္ဍိုင် ဖြစ်သော Environmental Management သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု၏ အစိတ်အပိုင်း တစ်ခုဖြစ်သော EST အကြောင်း အနည်းငယ် တင်ပြပြီးနောက် EM ၏ အခြားအစိတ်အပိုင်းတစ်ခုဖြစ်သည့် Solid Waste Management အမှိုက်စီမံခန့်ခွဲမှု အကြောင်း တင်ပြလိုပါတယ်။ ရှေးဦးစွာ အမှိုက်ဆိုတာ ဘာလဲဟု မေးချင်ပါတယ်။ အမှိုက်ကို နိုင်ငံအသီးသီးက အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ဥပမာ ဗီယက်နမ်က Wastes are substances in form of solid, liquid, gas, which are discharged production, service, living or other activities. ကုန်ထုတ်လုပ်ခြင်း ၀န်ဆောင်မှုပြုခြင်း နေထိုင်ခြင်း (သို့) အခြား အပြုအမူ တစ်ခုခုက စွန့်ထုတ်လိုက်တဲ့ အခဲ၊ အရည်နဲ့ အငွေ့ ပုံသဏ္ဍာန်ရှိတဲ့ အရာဝတ္ထုများ လို့ဆိုပါတယ်။
အင်ဒိုနီးရှားကတော့ Waste is the residue of a business and/ or activity. စီးပွားရေးလုပ်ငန်း (သို့) ဆောင်ရွက်မှုက ကြွင်းကျန်မှု လို့ပြောပါတယ်။ ဂျပန်ကတော့ ဥပဒေအရ Waste is refuse, bulky refuse, ashes, sludge, excreta, waste oil, waste acid and alkali, carcasses and other filthy and unnecessary matter, which are in solid or liquid state. လို့သတ်မှတ်ပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးရဲ့ ဓလေ့စရိုက်အရ ``အမှိုက်ဟူ၍မရှိ သယံဇာတသာရှိသည်´´ ဟုခံယူကြပါတယ်။ အမှိုက်ဆိုတာကို ယေဘူယျ အဓိပ္ပါယ် သတ်မှတ်ရင် ``လူ့ပယောဂကြောင့်ဖြစ်လာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အသုံးမ၀င်သော စွန့်ပစ်ပစ္စည်း´´ လို့ ဆိုနိုင်ပါတယ်။ လူ့ပယောဂကြောင့် ဖြစ်ပေါ်လာပြီး လုံးဝအသုံးမ၀င်တဲ့ ပစ္စည်းဖြစ်ကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှ အမှိုက်ဖြစ်ပါတယ်။ ဥပမာ သစ်ရွက်ကြွေတွေ မြက်ခြောက်တွေ သစ်ကိုင်းတွေ စက္ကူစုတ်တွေ စွန့်ပစ်ဟင်းသီးဟင်းရွက်တွေ မစင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသလို အသုံးမ၀င်တဲ့ အရာတွေ မဟုတ်လို့ အမှိုက်လို့မဆိုနိုင်ပါ။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ် အ၀တ်လျှော် ရေချိုးပြီးစွန့်ပစ်တဲ့ ဆပ်ပြာရေတွေ ထမင်းဟင်းချက်လို့ ဆိုင်ကယ်စီး ကားစီးလို့ ထွက်လာတဲ့မီးခိုးတွေကျတော့ အမှိုက်တွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အမှိုက်စီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်မယ်ဆိုရင် သမရိုးကျအသိနဲ့ အမြင်မတော်ရှုပ်ပွနေတာကို အမှိုက်လို့ ထင်နေတဲ့ အမြင်တွေ ဦးစွာ ပြောင်းလဲဖို့ လိုပါမယ်။ တစ်ကယ်တော့ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိသမျှအရာအားလုံးဟာ သဘာဝရဲ့ သယံဇာတများ ဒါမှမဟုတ် သယံဇာတကိုပြုပြင်ဖန်တီးပြီး ရရှိလာတဲ့အရာများသာဖြစ်လို့ အမှိုက်ဟူ၍မရှိ သယံဇာတသာရှိသည် ဆိုတဲ့ အမြင်ဟာ အလွန်တန်ဖိုးကြီးတဲ့ အသိဖြစ်ပါတယ်။ (ဆက်လက်တင်ပြပါမယ်)

 ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သရွေ့ အမှိုက်မဟုတ်ပါ

No comments:

Post a Comment