Tuesday, January 10, 2012

Workshop of Result of MICS in Pathein City

အုပ်စုအလိုက်ဘက်စုံအညွှန်းကိန်းစစ်တမ်းကောက်ယူမှုရလဒ်များဆွေးနွေးပွဲ

  စီမံကိန်းရေးဆွဲရေးဦးစီးဌာန ကျန်းမာရေးစီမံကိန်းဦးစီးဌာနနှင့် unicef ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့တို့ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသော Multiple Indicator Cluster Survey အုပ်စုအလိုက် ဘက်စုံအညွှန်းကိန်းစစ်တမ်း ကောက်ယူမှု ရလဒ်များ (Link) ဆွေးနွေးပွဲကို ယမန်နေ့က မြို့တော်ပုသိမ် ပုသိမ်ဟိုတယ်မှာကျင်းပခဲ့ကြောင်းသိရှိရပါတယ်။

မြန်မာ MICS ၂၀၀၉-၂၀၁၀ အစီရင်ခံစာ
  ဆွေးနွေးပွဲဖွင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ ၀န်ကြီးတစ်ဦးနှင့် unicef ရုံးမှ ဒေါက်တာ ယိုရှီမိနီရှီနိုတို့က အမှာစကားများပြောကြားခဲ့ပြီး ကလေးသူငယ်ဖွံ့ဖြိုးမှု Water and Sanitation, HIV/AIDS ဆိုင်ရာ MICS ရလဒ်များနှင့် အာဟာရ ကလေးသူငယ်ကျန်းမာရေး မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ MICS ရလဒ်များကို ညွှန်ကြားရေးမှူး ဒေါ်သွေးသွေးချစ်က လည်းကောင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ပညာရေး ကလေးသူငယ်သေဆုံးမှု ဆိုင်ရာ MICS ရလဒ်များနှင့် နမူနာကောက်ကွက် ကိန်းဂဏန်းကောက်ယူမှု ဆိုင်ရာ တင်ပြချက်ကို ရန်ကုန် unicef ရုံးမှ စီမံကိန်းအရာရှိ ဦးသန်းညွန့် ကလည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြပါတယ်။ ဆက်လက်ပြီး ဌာနဆိုင်ရာများ အသင်းအဖွဲ့များ INGO များမှ တာဝန်ရှိသူများက အုပ်စု(၅)စု ဖွဲ့စည်းကာ အုပ်စုအလိုက် ဆွေးနွေးခြင်းနဲ့ အုပ်စုများက ပြန်လည် တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ MICS လုပ်ငန်းကို ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်းက မြန်မာနိုင်ငံတစ်ဝှန်း အိမ်ထောင်စုပေါင်း (၂၉၂၅၀) ကို ရွေးချယ်ပြီး မေးခွန်းလွှာ(၃)စုံဖြင့် စစ်တမ်းများ ကောက်ယူမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း အဓိကရည်ရွယ်သည့် အုပ်စုမှာ အသက်(၁၅)နှစ်နှင့် (၄၉)နှစ်ကြား အမျိုးသမီးများနှင့် အသက် (၅)နှစ်အောက် ကလေးများဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှာတော့ မြို့နယ် (၂၆)မြို့နယ်ရဲ့ အိမ်ထောင်စုပေါင်း (၂၉၁၀) ထံမှ စစ်တမ်းများ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ပြည်ထောင်စုနှင့် ဧရာဝတီတိုင်းဒေသကြီး MICS ရလဒ်များ နှိုင်းယှဉ်ချက်ဇယား

 

No comments:

Post a Comment