Thursday, January 12, 2012

29th aniversiry of Pathein Home for Aged

ဘိုးဘွားရိပ်သာနှစ်ပတ်လည်ကျင်းပမည်

  မြို့တော်ပုသိမ်ရှိ ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ဘိုးဘွားရိပ်သာ (စက်တော်ရာဘိုးဘွားရိပ်သာ) (၂၉)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲနှင့် အဆင့်မြှင့် မွမ်းမံပြီးသော အဆောက်အအုံများ ဖွင့်လှစ်ပွဲ အခမ်းအနားများကို  (၁၄.၁.၁၂)နှင့် (၁၅.၁.၁၂) ရက်နေ့များမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမယ်လို့ သိရှိရပါတယ်။

ဘိုးဘွားတို့ဘုရားသွားဖို့ ပြုပြင်ပြီးတဲ့လမ်း

(၁၄.၁.၁၂) ရက်ညမှာ ဓမ္မပူဇာအဖြစ် မဟာမြိုင်ဆရာတော် တရားပွဲကျင်းပမှာ ဖြစ်ကြောင်း (၁၅.၁.၁၂)ရက် နံနက်မှာ သံဃာတော်(၁၁)ပါးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဘိုးဘွားများအား ကန်တော့ကာ  အဆင့်မြှင့်မွမ်းမံ ပြီးသော အဆောက်အအုံများအား ဖွင့်ပွဲအခမ်းအနား ကျင်းပသွားမယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဘိုးဘွားများကို ရွှေမုဋ္ဌောစေတီတော် မဟာမုနိဘုရားနဲ့ ကမ်းနီ နှီးဘုရားတို့သို့  ဘုရားဖူးပို့ဆောင်ပေးပြီး ညနေပိုင်းမှာတော့ ဂီတအဉ္ဖလီ တီးဝိုင်း အဖွဲ့ ဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပုသိမ်ဘိုးဘွားရိပ်သာကို ၁၉၈၂ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အဘိုးဆောင်တစ်ဆောင် အဖွားဆောင်တစ်ဆောင်နဲ့ ဆေးခန်းတစ်ခုရှိကာ ယခုလက်ရှိ ဘိုးဘွားရိပ်သာမှာ အဘိုး(၉)ဦး အဘွား(၂၉)ဦး စုစုပေါင်း(၃၈)ဦးကို ပြုစုစောင့်ရှောက် ထားရှိကြောင်းနဲ့ အဘိုးအဘွားများ ပိုမို ချမ်းမြေ့ သာယာစွာ နေထိုင်နိုင်ရေး လိုအပ်သည်များ လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လိုက်ရပါတယ်။

ဘိုးဘွားရိပ်သာအ၀င်လမ်း
ဘွားဘွားဆောင်
အဆင့်မြှင့်မွမ်းမံပြီးသောဘိုးဘိုးဆောင်
ဘိုးဘွားတို့ကျန်းမာရေးအတွက် ဆေးခန်း

No comments:

Post a Comment