Sunday, October 16, 2011

Well train to win

လေ့ကျင့်ကျွမ်းကျင် အောင်ပွဲဆင်

      ၂၀၁၁ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ဘော်လုံးပြိုင်ပွဲ ကို (၂၁.၁၀.၁၁)ရက်နေ့ ညနေ(၃)နာရီတွင် ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်း၌ စတင်ကျင်းပမည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုမှ ဘော်လုံးအသင်း(၁၀)သင်း တစ်ခရိုင်လျင်(၂)သင်းစီဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပုသိမ်ခရိုင်ကတော့ ပြီးခဲ့တဲ့လ(၂၀)ရက်နေ့ ကတည်းက ခရိုင်တွင်းမြို့နယ်ပေါင်းစုံ ဘော်လုံးပွဲကျင်းပခဲ့ပြီး အသင်း(၂)သင်းစာ လူရွေးချယ်ခဲ့ပါတယ်။ ပုသိမ်ခရိုင် ကိုယ်စားပြု ဘော်လုံးအသင်း(၂)သင်းဟာ (၁၀.၁၀.၂၀၁၁)ရက်နေ့က စတင်ပြီး စခန်းသွင်းလေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုပြိုင်ပွဲများမှာ ခြေစွမ်းခြေစရှိတဲ့ ကစားသမား(၆၀)ကို ပြီးခဲ့တဲ့ MNL ဖလားမှာ ရန်ကုန်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယနဲ့ကျေနပ်ခဲ့ရတဲ့ ဧရာဝတီယူနိုက်တက်ဘော်လုံးအသင်းက ရွေးချယ်မှာဖြစ်တဲ့အတွက် ကစားသမား ကလေးများကလည်း အထူးကြိုးစားလေ့ကျင့်နေကြပါတယ်။ ဘော်လုံးပွဲကောင်းတွေမျှော်လင့်နေတဲ့ မြို့တော်သားများအတွက် စိတ်ကျေနပ်စရာ ပြိုင်ပွဲများဖြစ်လာမယ်လို့လည်း ယူဆရပါတယ်။
      ပုသိမ်ခရိုင်ကိုယ်စားပြု အသင်းနှစ်သင်းအတွက် စုစုပေါင်း အားကစားသမား(၃၆)ဦး ရွေးချယ်ထားရာ ပုသိမ်(၅)ဦး ကျုံပျော်(၆)ဦး ရေကြည်(၈)ဦး ကျောင်းကုန်း(၂)ဦး ငပုတော(၃)ဦး ကန်ကြီးဒေါင့်(၂)ဦးနဲ့ သာပေါင်း(၁၀)ဦးတို့ဖြစ်ကြပါတယ်။ ၄င်းအသင်းနှစ်သင်းကို ဦးအေးကျော်နှင့် ဦးနေထက်ရှိန်တို့က အသင်းအုပ်ချုပ်သူများ အဖြစ်လည်းကောင်း နည်းပြများအဖြစ် ဦးဘုန်းဝင်း ဦးစန်းနိုင်ထွေး ဦးသန့်ဇင်အောင် ဦးစိုးအောင် ဦးကျော်စွာဝင်းနှင့် ဦးမြင့်စိုးတို့က လေ့ကျင့်ပေးလျက်ရှိပြီး (၁၄.၁၀.၁၁)ရက်နေ့နဲ့ ယနေ့တို့တွင် ခြေစမ်းပွဲများကစားခဲ့ကြပြီး နောက်ဆုံးခြေစမ်းပွဲကို (၁၈.၁၀.၁၁)ရက်နေ့တွင် ကျောက်တိုင်ကွင်း၌ ဆက်လက်လေ့ကျင့်သွားမယ်လို့ သတင်းရရှိပါတယ်။

(၁၄.၁၀.၁၁)ရက်နေ့ကျောက်တိုင်ကွင်း၌ကျင်းပခဲ့သည့် ခြေစမ်းပွဲများ



 (၁၆.၁၀.၁၁)ရက်နေ့ကျောက်တိုင်ကွင်း၌ကျင်းပခဲ့သည့် ခြေစမ်းပွဲများ


No comments:

Post a Comment