Friday, October 14, 2011

LED City

LED ဆိုင်းဘုတ်များနှင့်မြို့တော်ပုသိမ်

ပုသိမ်မြို့တော်အတွင်း ယခုအခါ နေရာအတော်များများ၌ LEDဆိုင်းဘုတ်များ အသုံးပြု၍ ဆိုင်အမည် ရောင်းချသည့်ကုန်ပစ္စည်း စသည်တို့ကို ကြော်ငြာလာကြတာကို တွေ့ရှိရပါတယ်။ ယခင်က ရန်ကုန်မြို့တော်တွင်သာမြင်ရသည့် LEDဆိုင်းဘုတ် များကို ပုသိမ်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြခြင်းမှာ ခေတ်နှင့်အညီ လိုက်ပါနေသော ပုသိမ်မြို့တော်သားများ၏ အမြင်ကျယ်မှုကို ပြသနေခြင်းဖြစ်ပါတယ်။ ယခင်ကဆိုင်းဘုတ်အသေများနေရာတွင် Logo နှင့် စာတမ်းများကို အမျိုးမျိုးပြောင်းလဲ ပြသနိုင်သော LEDဆိုင်းဘုတ်များ အစားထိုး ၀င်ရောက်လာမှုကို ပြည်သူအများက စိတ်ဝင်တစားရှိကြောင်း မိမိတို့ဆိုင်ကိုလည်း ပိုမိုသတိပြုမိလာစေကြောင်း LEDဆိုင်းဘုတ် တပ်ဆင် အသုံးပြုသူများက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက အလျား(၁၂)ပေ အနံ(၄)ပေရှိတဲ့ ပုသိမ်မြို့ရဲ့ ပထမဆုံးသော LEDဆိုင်းဘုတ်ကြီးကို နာရီစင်တွင် မြို့နယ်စည်ပင်က တပ်ဆင်ပြီး ဆောင်ပုဒ်များ အသိပညာပေးစာတမ်းများ စီးပွားရေးကြော်ငြာများကို စတင်ဖေါ်ပြခဲ့မှုကို မြို့တော်နေပြည်သူအများက စိတ်ဝင်တစား ကြည့်ရှုကြတဲ့အတွက် လုပ်ငန်းရှင်များကပါ LEDဆိုင်းဘုတ်များ တပ်ဆင်လာကြတာဖြစ်ပါတယ်။ ယခုအခါ LEDဆိုင်းဘုတ်များကို ပုသိမ်မြို့မှာပင် မှာယူတပ်ဆင်နိုင်ပြီ ဖြစ်ပြီး စတုရန်းတစ်ပေအတွက် ကျသင့်ငွေမှာ ၅၀၀၀၀ကျပ်ခန့်ဖြစ်ကြောင်း သိရှိရပါတယ်။
မြို့နယ်စည်ပင်ကလည်း အဓိကကျသည့် လမ်းများ၏ လမ်းဆိုင်းဘုတ်များကို LEDဆိုင်းဘုတ်များဖြင့် အစားထိုးရန် စီစဉ်နေကြောင်းနှင့် စည်းကမ်းမဲ့သူအချို့၏ ဖျက်ဆီးမှုခံရနိုင်မှု အနေအထားကို လေ့လာလျက်ရှိကြောင်းသိရှိရပါတယ်။

နာရီစင်ကLEDဆိုင်းဘုတ်

ပုသိမ်မြို့ကLEDဆိုင်းဘုတ်အချို့







No comments:

Post a Comment