Wednesday, October 26, 2011

New Royal White Elephant captured

ဆင်ဖြူတော်တစ်စီးဖမ်းဆီးရမိခြင်း

(၂၅.၁၀.၂၀၁၁)ရက်နေ့ ညက ပုသိမ်မြို့နယ် အတွင်းရှိ ငွေဆောင်-ချောင်းသာကားလမ်း မိုင်တိုင်အမှတ်(၇) အနီးတွင် ဆင်ဖြူတော်တစ်စီးကို ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။ ယင်းဆင်ဖြူတော်သည် ခန့်မှန်း အသက်(၁၅)နှစ်ခန့် ရှိပြီး အမ ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိအားဖြင့် ချောင်းသာကားလမ်း အနီးရှိ  မြ၀တီ ရာဘာခြံအတွင်းမှာ ခေတ္တထိန်းသိမ်း ပြုစုစောင့်ရှောက်လျက်ရှိပါတယ်။ အခု ရရှိတဲ့ ဆင်ဖြူတော်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်မှာ ပထမဆုံး ရရှိတဲ့ ဆင်ဖြူတော်ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ရရှိခဲ့တဲ့ ဆင်ဖြူတော်ဟာ သမ္မတကြီးရဲ့ ဇာတိဒေသဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပေါ်ထွန်းလာခြင်းဟာ ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ယုံကြည်မှုအရ ဆင်ဖြူတော် ပေါ်ထွန်းခြင်းဟာ အတိတ်နိမိတ်ကောင်းဖြစ်ပြီး မင်္ဂလာရှိမှု အေးချမ်းသာယာမှု စည်ပင်ဝပြောမှုတို့ကို ရရှိစေမယ့် သင်္ကေတဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဒီမိုကရေစီကျင့်စဉ်ကို အဆင့်ဆင့်ဖေါ်ဆောင် အောင်မြင်မှုတွေ ရရှိနေချိန်မှာ အခုလို အတိတ်ကောင်း နိမိတ်ကောင်းတွေနဲ့ ဆင်ဖြူတော်တစ်စီး ပေါ်ထွန်းလာခြင်းဟာ မြန်မာ့ခေတ်သစ်အရုဏ်ဦးကို ပိုမိုလင်းလက် တောက်ပလာစေဖို့ အင်အားသစ်တွေ ဖြစ်လာစေမှာဖြစ်ပါတယ်။
ယခုဆင်ဖြူတော်ဟာ မြန်မာနိုင်ငံရဲ့ ဆဋ္ဌမမြောက်ဆင်ဖြူတော်ဖြစ်ပြီး ပဉ္စမမြောက် ဆင်ဖြူတော်ကို ၂၀၁၀ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ရရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်က ခန့်မှန်းအသက် (၁၈)နှစ် အရပ်(၇)ပေ(၁)လက်မဖြစ်ကြောင်းသိရှိရပါတယ်။

ဥပ္ပါတသန္တိစေတီအခြေကဆင်ဖြူတော်တစ်စီး
ပဉ္စမမြောက်ဆင်ဖြူတော်
 

နေပြည်တော်က ဆင်ဖြူတော်ဆောင်

No comments:

Post a Comment