Wednesday, October 12, 2011

Community based Disaster Management

လူထုအခြေပြုသဘာဝဘေးအန္တရာယ်ကာကွယ်ရေး
ပုသိမ်မြို့မီးဘေးကာကွယ်ရေးအဖွဲ့က (၁၁.၁၀.၁၁)ရက်စွဲနဲ့ အများပြည်သူသို့ ပန်ကြားစာ တစ်စောင်ကို သတင်းစာနှင့်အတူ ဖြန့်ဝေခဲ့ပါတယ်။ ပန်ကြားစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

ပုသိမ်မြို့မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအဖွဲ့၊ ယာဉ်ပြင်ဆင်ရေးဆပ်ကော်မတီ၏
ဆောင်ရွက်မှုအခြေအနေတင်ပြခြင်း
၁။ ပုသိမ်မြို့ မီးဘေးကြိုတင်ကာကွယ်ရေးအဖွဲ့ကို ၂၀၀၈ခုနှစ်တွင် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ကော်မတီ၊ ဆပ်ကော်မတီ(၄)ခုဖြင့် ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။
၂။ မီးသတ်ဦးစီးဌာနပိုင်ယာဉ်များ ပျက်စီးရာတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြင်ဆင်ပေးရသည့် မူတစ်ရပ်ရှိခဲ့ရာ ယခင်မီးဘေးကာကွယ်ရေးအဖွဲ့ ပီပီပြင်ပြင်မဖွဲ့စည်းနိုင်သည့် ကာလအချိန်က ပုသိမ်မြို့ မီးသတ်ဦးစီးဌာနပိုင် မီးသတ်ယာဉ်(၂)စီးမှာ ပြင်ဆင်မှုမပြုနိုင်သဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်  ပြင်ဆင်နိုင်သည့် အသုတ်မြို့သို့(၁)စီး၊ ကျိုက်လတ်မြို့သို့(၁)စီး ပေးအပ်ခဲ့ရသည့် အခြေအနေများ အထိ ဖြစ်ပေါ်ခဲ့ပါသည်။
၃။ သို့ပါ၍ ၂၀၀၈ခုနှစ် မီးဘေးတားဆီးကာကွယ်ရေးအဖွဲ့ကို ပီပီပြင်ပြင် ဖွဲ့စည်းပေးခဲ့ပြီးသည့်နောက် ပုသိမ်မြို့ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ ထည့်ဝင်ငွေဖြင့် မီးသတ်ယာဉ်(၃)စီးကို တန်ဘိုးငွေ စုစုပေါင်း ကျပ်ငွေသိန်း(၇၀)ကျော် အကုန်အကျခံ ပြင်ဆင်ပေးနိုင်ခဲ့ပါသည်။
၎။ သို့ရာတွင်မီးသတ်ယာဉ်များ ပြင်ဆင်ရေးနှင့် မီးဘေးတားဆီးကာကွယ်ရေး လုပ်ငန်းများသည် စဉ်ဆက်မပြတ် ရှိနေသဖြင့် ပုသိမ်မြို့ မီးဘေးတားဆီးကာကွယ်ရေးအဖွဲ့၏  မီးသတ်ယာဉ်များ ပြင်ဆင်ရေးနှင့် မီးဘေးတားဆီးကာကွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် မြို့မိမြို့ဖများနှင့်လူမှုရေး အဖွဲ့အစည်းအသီးသီးတို့မှ ဆက်လက်ပါဝင်ကူညီ လှူဒါန်းမှု ပြုပေးကြပါရန် ပုသိမ်မြို့ မီးဘေးတားဆီး ကာကွယ်ရေးအဖွဲ့မှ ပန်ကြားအပ်ပါသည်။

No comments:

Post a Comment