Wednesday, October 19, 2011

စည်းကမ်းရှိမှတိုးတက်မည်

ပုသိမ်မြို့တွင်းကကုန်တင်ကားကြီးများ




ပုသိမ်မြို့တွင်းသို့ ၁၄ပေအထက်ကုန်တင်ယာဉ်ကြီးများ မ၀င်ရဟု သတ်မှတ်ထားသော်လည်း ပုံများတွင် တွေ့မြင်ရသကဲ့သို့ ကုန်ကားကြီးများသည် မြို့တော်၏ လမ်းမများပေါ်တွင် အကြောင်းအမျိုးမျိုးဖြင့် ၀င်ရောက်ဆဲ ကုန်တင်ကုန်ချပြုလုပ်ဆဲ ဖြစ်ပါတယ်။ ထို့ကြောင့် မြို့တော်၏ လမ်းမများသည်လည်း အထူးသဖြင့် ကမ်းနားလမ်းတလျောက်သည် ပိတ်ဆို့မှုနေ့စဉ် ဖြစ်ပွားဆဲဖြစ်ပါတယ်။ ပုသိမ်မြို့သို့ အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ ကုန်တင်ယာဉ်ကြီးများအတွက် ကုန်ကားဝင်းကို ၂၀၀၁ခုနှစ်ကတည်းက တည်ဆောက် ပေးခဲ့သော်လည်း ထိုစဉ်ကတည်းက အကြောင်းအမျိုးမျိုးဖြင့် ကုန်ကားဝင်းအတွင်းသို့ ၀င်ရောက်ခြင်းမရှိခဲ့ကြသကဲ့သို့ ယနေ့အချိန်ထိလည်း ထုံးစံတစ်ခုကဲ့သို့ စည်းကမ်းမဲ့ မြို့တွင်း ၀င်ရောက်နေမှုများကို ထိထိရောက်ရောက် တားမြစ် အရေးယူ ဆောင်ရွက်ရန် လိုအပ် လျက်ရှိကြောင်း သိရှိရပါတယ်။

No comments:

Post a Comment