Sunday, October 16, 2011

Concrete road City

ကွန်ကရစ်လမ်းများနှင့်မြို့တော်ပုသိမ်

ဧရာဝတီတိုင်းဒေသကြီးဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အားလျော်စွာ မိုးရွာသွန်းတဲ့ရက်နဲ့ မိုးရေချိန်လက်မများတဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့် ပုသိမ်မြို့ပေါ်က ကတ္တရာလမ်းများဟာ ဆိုးဆိုးရွားရွား ပျက်စီးနေလေ့ရှိပြီး ပျက်အစဉ်ပြင်ခဏလို့ ဆိုစမတ်ပြုရလောက်အာင် ပြင်လို့မပြီးနိုင် မစီးနိုင် ရှေ့ကပြင် နောက်ကပျက်ဖြစ်နေခဲ့တာကြာခဲ့ပြီ ဖြစ်ပါတယ်။ မြို့လယ်ခေါင် လမ်းတွေဖြစ်တဲ့ မြေနုလမ်းကို မြေနူလမ်း ဇီးဘိန်လမ်းကို ဗွက်ကြီးတန်းလမ်းလို့ ခေါ်တွင်ခဲ့ကြတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒေသရဲ့ မြေအနေအထားနဲ့ ရာသီဥတု အခြေအနေအရ ကွန်ကရစ်လမ်းများသာလျင် သင့်လျော်တယ်လို့ သိမြင်လာကြတဲ့နောက် ပုသိမ်မြို့တော်မှာ ၂၀၀၇ခုနှစ်လောက်က ကမ်းနားလမ်းတစ်လျောက် ကွန်ကရစ်လမ်းစခင်းခဲ့ကြပါတယ်။ အဲဒီအချိန်က တယက စည်ပင်နဲ့ ပြည်သူလူထု အချိုးကျ ထည့်ဝင်ငွေနဲ့ဆောင်ရွက်ခဲ့ကြတာပါ။ နောက်ပိုင်း အကြောင်းကြောင်းကြောင့် ကွန်ကရစ်လမ်း ဆက်မခင်းဖြစ်ဘဲ ၂၀၁၀ရောက်မှ စည်ပင်ပြည်သူ ပူးပေါင်းပြီး မြို့လယ်ခေါင်မှာ ကွန်ကရစ်လမ်းတွေ ပြန်ခင်းဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ပြည်သူလူထုက ကိုယ့်အားကိုယ်ကိုး အသိစိတ်ဓါတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်။ စည်ပင်ကခင်းပေးတာကို စောင့်နေရင် နောင်နှစ်ပေါင်းများစွာ ရွံ့နဲ့ချိုင့်နဲ့ ဗွက်နဲ့ ဆက်နေရဦးမယ် လမ်းတစ်လမ်းပြင်ဖို့ အလှည့်ရောက်ဖို့ စောင့်ရင်းစောင့်ရင်းနဲ့ ပျက်မဆုံးနိုင်ဖြစ်နေတဲ့ လမ်းတွေကို ကိုယ်အားကိုယ်ကိုး ပြင်ဖို့လိုနေပြီ ဥစ္စာရင်လိုဥစ္စာရင်ခဲ လုပ်ကြရမယ့်အချိန်ရောက်ပြီ ဆိုတဲ့ အသိတွေနဲ့ community participation ရအောင် ဆောင်ရွက်ခဲ့ကြတဲ့ မြို့တော်သားတွေဟာ ခုချိန်မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်နေကြပြီး မိမိတို့မြို့တော်အတွက်ဂုဏ်ယူမဆုံး ဖြစ်နေကြပါတယ်။ လမ်းတွေသာကွန်ကရစ် ဖြစ်ရုံမက လမ်းမီးများပါ ဆိုဒီယမ်တွေတပ်ဆင်ပြီး အလှပေါ်အယဉ်ဆင့် တင့်တယ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ လေ့လာတွေ့ရှိချက်အရ ၂၀၁၀ကနေ ယခုချိန်ထိ ကွန်ကရစ်လမ်းပေါင်း (၂၅)လမ်းကို ဆောင်ရွက်ခဲ့ကြပြီး လက်ရှိလည်း ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ကုန်သည်လမ်း
ဈေးချောင်းလမ်း
ဘန့်ပွေးကုန်းလမ်း
မြေနုလမ်း
ရွှေဆိုင်တန်းလမ်း
ကုန်စုံလမ်း
ခတ္တာလမ်း
ငှက်ပျောတန်းလမ်း
အောင်ရတနာလမ်း (ဗွက်ကြီးတန်းလမ်း)
စဥ့်အိုးဖိုလမ်း
ရွှေမုဌောဘုရားမြောက်မုခ်လမ်း
အောင်ရတနာဖြတ်လမ်း
ဘူတာလမ်း
အထက၆ပတ်လမ်း
အောင်ဇေယျလမ်း(ဗိုလ်ဗဌေးဖြတ်လမ်း)
ရွေးဗိုလ်တပ်လမ်း
တရုပ်ကုန်းလမ်း
ဈေးဟောင်းလမ်း
မင်းကြီးလမ်း
ကမ်းနားလမ်းအပိုင်း(က)
ကမ်းနားလမ်းအပိုင်း(ခ)
ကမ်းနားလမ်း(ကမ်းပြိုအပိုင်း)
တဂေါင်းဘုရားလမ်းဖြတ်လမ်း

1 comment:

  1. Very good for Pathein. Pathein will be like Yangon in future.

    ReplyDelete