Saturday, June 30, 2012

Nantine marketing day

နန်းတိုင်းဈေးနေ့

  ရှမ်းပြည်နယ်ရဲ့ထူးခြားတဲ့ ဓလေ့တွေထဲက တစ်ခုကတော့(၅)ရက်တစ်ဈေး ကျင်းပလေ့ရှိတဲ့ ဈေးနေ့ ပဲ ဖြစ်ပါတယ်။ ဈေးပတ်ကားတွေနဲ့ လိုက်ပါပြီး နီးစပ်ရာ မြို့တွေ ကျေးရွာဈေးတွေကို ဈေးသည်များက လှည့်လည် သွားလာ ရောင်းဝယ်ဖေါက်ကားတဲ့ အစဉ်အလာကနေ ဈေးနေ့လို့ ဖြစ်လာတာ ဖြစ်ပါတယ်။

ရောင်းဝယ်ဖေါက်ကား ငါးရက်တစ်ခါ ရပ်ရွာဓလေ့ ဈေးနေ့

ခြံထွက်သီးနှံများလာရောက်ရောင်းချကြသူများ
 ဈေးနေ့တွေမှာ ဈေးပတ်ကား ဈေးသည်များသာမက အနီးပတ်ဝန်းကျင် ကျေးရွာများက ယာထွက် ခြံထွက် ထွက်ကုန် သီးနှံများ လာရောက်ရောင်းချရင်း မိမိတို့အတွက် လိုရာဝယ်ချမ်းကြတဲ့ ရပ်သူရွာသား များဖြင့်လည်း တစ်နေကုန် စည်ကားနေတတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဈေးနေ့ကျတဲ့ရက်ဟာ ဥပုသ်နေ့ ဖြစ်နေရင်တော့ ဈေးနေ့မတိုင်ခင် တစ်ရက်ဖြစ်တဲ့ ဈေးဖိတ်နေ့မှာ ဈေးပျက်ဆိုပြီး ခင်းကြ ရောင်းဝယ်ကြတဲ့အခါ ပုံမှန်ဈေးပတ်ကားနဲ့ ဈေးသည်တွေ ရောက်မလာလို့ မစည်ကားပေမယ့် နောက်တစ်ပတ် ဈေးနေ့မှာတော့ ပုံမှန်ဈေးနေ့ထက် ပိုမို စည်ကားလေ့ ရှိတတ်ပြန်ပါတယ်။ ကလောမြို့ပတ်ဝန်းကျင်ရဲ့ ဈေးနေ့တွေကတော့ ကလောဈေး၊ ပင်းတယဈေး၊ ဟဲဟိုးဈေး၊ အောင်ပန်းဈေးနဲ့ နန်းတိုင်းဈေးတို့ ဖြစ်ပါတယ်။
ငါးရက်စာတစ်ခါဝယ်လို့ ပအို့ဝ်မို့အိုတစ်ဦး

No comments:

Post a Comment