Sunday, July 1, 2012

Bawathanthara (cycle shape) rail bridge

ဘ၀သံသရာမီးရထားတံတား

  သာစည်-ရွှေညောင် ရထားလမ်းပိုင်းပေါ်က ဟဲဟိုးဘူတာအလွန် ရွှေညောင်မရောက်မီ တောင်နှစ်လုံးကြား လျှိုကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ တံတားတစ်စင်းရှိပြီး ဘ၀သံသရာတံတားရယ်လို့ နံမည်ကျော်ကြား ထင်ရှားပါတယ်။

သာမန်မီးရထားတံတားတစ်စင်းလိုပါပဲ
 ဘယ်သူက ဘယ်အချိန်ကတည်းက ဒီနံမည် ပေးခဲ့မှန်းမသိရသလို ဘာကြောင့်ဒီလို ပေးရတယ် ဆိုတာကလည်းေ၀၀ါးဝါးမို့ ကိုယ့်အယူ အဆနဲ့ကိုယ် ထင်ကြေးပေး နားလည်ရတာမို့ စိတ်ဝင်စားစရာ ဖြစ်သွားရတယ် ထင်ပါတယ်။ တံတားနဲ့လမ်းရဲ့ပုံသဏ္ဍာန်က စက်ဝိုင်းပုံဖြစ်နေတာမို့ သံသရာ ဘ၀စက်ဝန်းနဲ့ နှိုင်းယှဉ်တင်စား အမည်ပေးတာလား၊ တံတားကိုဖြတ်သွားတဲ့အခါ အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ ပြန်ဆုံရတာကို သံသရာဘ၀တစ်ကွေ့ ပြန်တွေ့ရတဲ့ ဖြစ်စဉ်နဲ့ ထပ်တူပြု တင်စားတာလားဆိုတာတော့ နှစ်သက်သလို ယူဆနိုင်ပါတယ်။

ရထားလမ်းကဝေ့၀ိုက်ပြီးတံတားအောက်ပြန်ရောက်သွားလေတော့
  ဘ၀သံသရာတံတားလို့ အမည်ရတဲ့ ဒီတံတားကို ၁၉၂၇ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး တံတားအမြင့် ၆၂ပေ အရှည်ပေ၂၀၀ ရှိကြောင်း တင်ပြလိုက်ရပါတယ်။


No comments:

Post a Comment