Friday, June 29, 2012

Kalaw trip of Senior adviser and parties from UNDP

 ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှအကြီးတန်းအကြံပေးနှင့်အဖွဲ့ ကလောမြို့သို့ရောက်ရှိ

 အမေရိကန်နိုင်ငံ နယူးယော့မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ အကြီးတန်းအကြံပေး၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် အရှေ့တောင်အာရှရုံးခွဲမှ အကြံပေးနှင့် ရန်ကုန်မြို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တို့ ပါဝင်သော အဖွဲ့သည် (၂၃.၆.၁၂)ရက်နေ့နှင့် ( ၂၄.၆.၁၂)ရက်နေ့များတွင် ကလောမြို့သို့ လာရောက်ခဲ့ကြောင်း သိရှိရပါတယ်။

အစိုးရဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေးစဉ်
  ကလောမြို့ခရီးစဉ်အတွင်း ယင်းအဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းဇုန်နှင့် ကလောမြို့နယ် UNDP တာဝန်ခံများနှင့်တွေ့ဆုံကာ Good Governance လုပ်ငန်းစဉ်များနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်မှုတို့ အတွက် လိုအပ်သည့် အကူအညီများပေးရေး အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။

ဘုရားဖြူရွာသို့ခရီး အင်းဝန်းဘူတာအနီး
နောက်တစ်နေ့တွင် ကလောမြို့နယ် ဘုရားဖြူရွာနှင့် အင်းဝန်းရွာများသို့ သွားရောက်ခဲ့ပြီး ICDP project ဖြင့် ဆောင်ရွက်ခဲ့သည့် SRG အဖွဲ့များ၏ အဖွဲ့ဝင်များ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာမှလိုအပ်သည့် အကူအညီများနှင့် ကျေးရွာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဆက်သွယ်ဆောင်ရွက်မှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ပါတယ်။

အင်းဝန်းရွာကတွေ့ဆုံပွဲ
 ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အနေနဲ့ မြန်မာနိုင်ငံမှာ ကူညီဆောင်ရွက်ရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ဖို့နဲ့ ၂၀၁၃ခုနှစ်က စတင်ပြီး ဆောင်ရွက်မယ့် စီမံကိန်းတွေမှာ အစိုးရ ဌာနများရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ဖြစ်နိုင်မယ့် စီမံကိန်းတွေ ရေးဆွဲ တင်ပြနိုင်ဖို့ ယခုလို အကြီးတန်းအကြံပေးပုဂ္ဂိုလ်နဲ့ အဖွဲ့အား ကွင်းဆင်း တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်စေခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ယင်းအဖွဲ့သည် ဆက်လက်ပြီး တောင်ကြီးမြို့နဲ့ လွိုင်ကော်မြို့များသို့ သွားရောက်ကာ ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။

No comments:

Post a Comment