Wednesday, June 20, 2012

Non Formal Primary Education in Kalaw

ကလောမြို့နယ်၏ ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်

 ကလောမြို့နယ်၏ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် အ.ထ.က(၁)ကလော ကျောင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြို့နယ်အဆင့် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဌက အမှာစကား ပြောကြားခဲ့ပြီး အလှူရှင်များက အလှူငွေများ ပေးအပ်ကာ အခြေစိုက်စခန်းတာဝန်ခံများအား တာဝန်ပေးအပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အခမ်းအနားကို ကျောင်းပြင်ပမူလတန်း ဆရာမများက ``ကလေးများအတွက် ဒီနေ့´´ သီချင်းသီဆိုရုပ်သိမ်း ခဲ့ကြောင်း သိရပါတယ်။

အမှာစကားပြောကြားနေစဉ်
  ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ဆုံးခန်းတိုင် မသင်ကြားခဲ့ရသည့် အသက်(၁၀)နှစ်မှ (၁၄)နှစ်ကြားရှိ ကလေးများကို စုစည်း၍ တစ်နေ့(၂)နာရီဖြင့် တစ်ပတ်လျင်(၆)ရက် အဆင့်(၂)ဆင့်ခွဲကာ စာသင်ကြားပေးတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းမနေနိုင်သဖြင့် မူလတန်းပညာရေးကို ပြီးဆုံးခြင်းမရှိသည့် ကလေးများအား မူလတန်း ပညာရေး ပြီးဆုံးအောင် သင်ကြားဆောင်ရွက်ပေးရန်နဲ့ မူလတန်းပညာ ပြီးဆုံးပါက အလယ်တန်း အထက်တန်းပညာများကို ဆက်လက်သင်ယူနိုင်ပြီး ပညာတတ် ကလေးများ ပေါ်ထွန်း လာစေရန် ဖြစ်ပါတယ်။ ကလောမြို့နယ်မှာ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းကို ယခုနှစ်မှ စတင်ခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာ တောင်ကြီး ဟိုပုန်းအပါ  မြို့နယ်(၃)မြို့နယ်မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းပြင်ပမူလတန်း ပညာရေးကို ပညာရေးဝန်ကြီးဌာန ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ အလှူရှင်များ စုပေါင်း အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကလောမြို့နယ်မှာတော့ လက်မောင်းကွေး၊ တောင်မြေခြား၊ နောင်လွယ်၊ တာယော၊ ညောင်ပင်ထောင်နဲ့ နောင်ရဲတို့မှာ အခြေစိုက် စခန်းများ ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ (၁၆၈)ဦးကို ဆရာမ(၁၄)ဦးနဲ့ ကြီးကြပ်သူ(၂)ဦး တို့က ၂၀၁၂-၁၃ ပညာသင်နှစ်မှာ စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရပါတယ်။ 

အလှူရှင်တစ်ဦးကအလှူငွေပေးအပ်စဉ်
အခြေစိုက်စခန်းတာဝန်ခံတစ်ဦးအား တာဝန်ပေးအပ်
ကလေးများအတွက်ဒီနေ့

No comments:

Post a Comment