Monday, January 14, 2013

Workshop for development of Socioeconomic in Pinetree City

ထင်းရူးမြေက လူမှုစီးပွါးဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲ

ကလောမြို့နယ် စီးပွါးဖြစ် ထုတ်ကုန်လုပ်ငန်းများထူထောင်၍ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လူမှုစီးပွါးရေးအခြေအနေများ တိုးတက်အကောင်အထည်ဖေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက်(၉)နာရီခွဲကနေ နေ့လယ် (၁)နာရီခွဲအထိ ကလောမြို့နယ်ခန်းမမှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဦးဆောင်ဆွေးနွေးပြီး ကလောမြို့နယ်အတွင်းမှ မြို့မိမြို့ဖများ စီးပွါးရေးလုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များ လုပ်ငန်းအစုအဖွဲ့များမှ ကိုယ်စားလှယ်များ သမ၀ါယမအသင်းများ စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ပြည်နယ်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

စုဝေးဆွေးနွေးရာနေရာ
မြို့နယ်မှသည်ပြည်ထောင်စုအထိတိုးတက်စေဖို့
ဦးဆောင်ဆွေးနွေးစဉ်
ပွင့်လင်းမြင်သာစွာအကြံပြုတင်ပြ
အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဝင်ရောက်လာတဲ့အခါ ကျနော်တို့ဆီက အသေးစားအလတ်စား မိရိုးဖလာ လုပ်ငန်းတွေက ဈေးကွက်ကိုယှဉ်ပြိုင်နိုင်ဖို့ အစုအဖွဲ့တွေဖွဲ့လုပ်ကြဖို့ ဒေသနဲ့လျော်ညီပြီး ဖွံ့ဖြိုးဖို့ အလားအလာရှိတဲ့ လုပ်ငန်းတွေကို ခေတ်နဲ့အညီ တိုးချဲ့လုပ်ကိုင်ကြဖို့ မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူလူထုအခြေပြုပုံစံနဲ့ ဆွေးနွေးဆုံးဖြတ် လုပ်ကိုင်ကြဖို့ ဌာနဆိုင်ရာတွေ ပြည်သူလူထုတွေရဲ့ mindset ကို ဒီမိုကရေစီခေတ်နဲ့အညီ ပြုပြင်သွားကြဖို့ စီးပွါးရေး ကုန်ထုတ်လုပ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေကို အစိုးရက လုပ်ကိုင်တော့မှာမဟုတ်ပဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လုပ်ကိုင်သွားကြဖို့ စသည်ဖြင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများရဲ့ ဆွေးနွေးအကြံပြုချက်များကို ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦးက ဆွေးနွေးပွဲအစကတော့ အလုပ်ရုံဆွေးနွေးပွဲဆန်ဆန်ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ၀န်ကြီးချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အထိ လူမှုစီးပွါးဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတွေ အခွင့်အလမ်းတွေ အကြံဥာဏ်တွေ နည်းလမ်းတွေ ပြောကြဆိုကြနဲ့ပါ။ တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေကို ဆွေးနွေးကြပါဆိုတဲ့အခါကျတော့ အလုပ်ရုံဆွေးနွေးပွဲနဲ့မတူတော့ပဲ ကိုယ့်အကျိုးစီးပွါးအတွက် လိုချင်တာတောင်းတဲ့ပွဲဖြစ်သွားတာပါပဲ။ အသင်းသား ၃၀လောက်ပဲရှိတဲ့ ငွေစုငွေချေးသမအသင်းက သိန်းတစ်ထာင်လောက်ချေးချင်တယ်တောင်းလိုတောင်း ကြက်မွေးတဲ့သူတွေကလည်း အာမခံမပါပဲ ဘဏ်တိုးနဲ့ငွေချေးချင်တယ်ပြောလိုပြော ဟိုတယ်လုပ်ငန်းရှင်တွေကလည်း နိုင်ငံခြားသားတွေ လေ့လာလို့ရအောင် ပလောင်တွေကို တဲတစ်လုံးထဲမှာ မိသားစုတွေအများကြီး စုနေတဲ့အစဉ်အလာကို ထိန်းပေးပါလို့ ဆိုလိုဆို ဟိုတယ်ဆောက်တာကို ပြည်နယ်အစိုးရမတင်ပဲ မြို့နယ်မှာတင်ဆောက်ခွင့်ပြုပေးပါလို့ တင်လိုတင်နဲ့ ဘာမှရေရာရာ အဖြေရှာမရပဲ ပြီးသွားတယ် လို့ပြောပြသွားပါတယ်။

No comments:

Post a Comment