Wednesday, January 16, 2013

Shall JGGA assist for water supply in Pinetree city

ထင်ရူးမြို့တော်ရေလုံလောက်စေဖို့

ထင်းရူးမြို့တော် ကလောမြို့မှာရပ်ကွက်ပေါင်း(၁၁)ခုရှိပြီး ခန့်မှန်းခြေ လူဦးရေ (၁၆၀၀၀)ကျော်ခန့်နေထိုင်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးတက္ကသိုလ် တပ်မ(၅၅)နဲ့ တပ်ရင်းနှစ်ရင်းကမြို့ပေါ်မှာတည်ရှိနေပြီး နိုင်ငံခြားခရီးသွားများကလည်း အမြောက်အမြားနေ့စဉ် တည်းခိုနေထိုင်တဲ့အတွက် လူဦးရေစုစုပေါင်းဟာ (၂၀၀၀၀)အထက်မှာနေ့စဉ်ရှိနေနိုင်ပါတယ်။ ကလောမြို့ရေပေးရေးကို မြို့နယ်စည်ပင်က တာဝန်ယူဆောင်ရွက်နေရာမှာ နေ့စဉ် ရေဂါလံပေါင်း (၃၆၀၀၀၀)ခန့် ဖြန့်ဝေပေးနေပေမယ့် အိမ်ခြေအားလုံးဆီကို ရောက်ရှိအောင် ဖြန့်ဝေပေးနိုင်ခြင်းမရှိသေးတဲ့အတွက် နွေအခါမှာ မြို့သူမြို့သားများဟာ ရေအတွက် ဒုက္ခရောက်ကြရတာ နှစ်စဉ်ပုံမှန်ဖြစ်နေပါတယ်။ အဲဒါကြောင့် မြို့မိမြို့ဖများနဲ့ လုပ်ငန်းရှင်များဟာ မြို့ရေပေးရေးကော်မတီဖွဲ့စည်းပြီး လက်ရှိရေပေးရေးလုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ တိုးချဲ့နိုင်ဖို့ မြို့နယ်စည်ပင်နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ JGGA Japan's Grassroots Grant Assistance ဂျပန်နိုင်ငံအသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ထံ အကူအညီ လျှောက်ထားခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်သံရုံးမှ ညှိနှိုင်းရေးမှူးနဲ့ အဖွဲ့ဟာ ကလောမြို့ကို ရောက်ရှိပြီး သက်ဆိုင်ရာများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း ဖြစ်နိုင်ချေများကို လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

သစ်ထွင်းရေထွက်၌
ရေစုကန်၌
ရေဖြန့်ဝေကန်၌
  “အခုလာတဲ့အဖွဲ့က ပဏာမလေ့လာရေးအဖွဲ့ပါ အများဆုံးထောက်ပံ့နိုင်တဲ့ ငွေက သိန်းတစ်ထောင်ပတ်ဝန်းကျင်ဖြစ်ပါတယ်။ ကျနော်တို့က သစ်ထွင်းရေထွက် ရေပေးရေးကို အဆင့်မြှင့်ဖို့ အဆိုပြုထားပါတယ်။ သစ်ထွင်းရေထွက်က တစ်နေ့ဂါလံ ၈၀၀၀၀ လောက်ထွက်ပါတယ်။ သွယ်တဲ့ပိုက်က၂”ပိုက်ဆိုတော့ တစ်နေ့ ရေဂါလံ ၄၀၀၀၀ပဲဖြန့်နိုင်ပါတယ်။ အဲဒါကို ၄”ပိုက်နဲ့အစားထိုးပြီး ပိုလာတဲ့၂”ပိုက်တွေကို ရပ်ကွက်တွေထဲသွယ်ပေးလိုက်ရင် အနည်းဆုံးအိမ်ခြေ ၄၀၀ လူဦးရေ ၂၀၀၀ကျော်ကို ရေဖြန့်ဝေပေးနိုင်မှာ ဖြစ်ပါတယ်” လို့ စည်ပင်အရာရှိက ရှင်းပြခဲ့ပါတယ်။

No comments:

Post a Comment