Tuesday, January 8, 2013

School family day in Pinetree city

ထင်းရူးမြို့တော်က ပညာရေးစုံညီပွဲတော်

 

ကလော အထက(၁)ရဲ့ ပညာရေးစုံညီ ပွဲတော်ကို ဇန်န၀ါရီလ(၅)ရက်နေ့က အဲဒီကျောင်း တေဇခန်းမမှာ ကျင်းပခဲ့ပါတယ်။ ပွဲတော်ကို စုံညီပွဲတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားခဲ့ပါတယ်။ လူရည်ချွန်များ အားကစား၊ ပန်းချီ စာစီစာကုံး ပြိုင်ပွဲအသီးသီးမှာ ဆုရသူများနဲ့ အတန်းလိုက် ထူးချွန်ဆုရသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူများက ကပွဲများနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြပြီး ကံစမ်းမဲများ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါတယ်။

စုံညီပွဲတော် တို့နွှဲပျော်
ထူးချွန်သူများကိုဆုချီးမြှင့်
ညီညီညာညာ ယိမ်းအက
အလှပဂေးမော်ဒယ်လေးများ
ရိုးရားအက ထိန်းသိမ်းကြ

No comments:

Post a Comment