Tuesday, July 3, 2012

Environmental preserving activity of Pine tree city

ထင်းရှူးမြို့တော်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု

  ထင်းရှူးမြို့တော်ရဲ့ စီးပွါးရေးမြို့ ဖြစ်တဲ့ အောင်ပန်းမြို့ကို ရေဖြန့်ဝေပေးတဲ့ ရေအရင်းအမြစ် နှစ်ခုထဲက တစ်ခုဖြစ်တဲ့ နန်းအွန်ရေထွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနဲ့ ရေထွက်အတွင်းသို့ မိုးရေနဲ့ အတူ  နုန်းအနည်အနစ်များ မ၀င်ရောက်စေရေး ရည်ရွယ်ပြီး အဲဒီရေထွက် အပေါ်က တောင်ကုန်းပေါ်မှာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တစ်ခုကို ယမန်နေ့က ကျင်းပခဲ့ပါတယ်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက်
  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို နန်းအွန်ကျေးရွာအုပ်စုနဲ့ အောင်ပန်းမြို့ပေါ်မှ ပြည်သူလူထုများ ဌာနဆိုင်ရာ ၀န်ထမ်းများ တပ်မတော်သားများ စုစုပေါင်းအင်အား(၂၀၀၀)ကျော်က ထင်းရှူး စိန်ပန်း ရေသင်းဝင် ၀က်သစ်ချ ခါတော်မီ ပျိုးပင်ပေါင်း(၄၂၀၀)ကို စိုက်ပျိုးခဲ့ကြကြောင်းသိရပါတယ်။

ချီတက်ကြစို့တူပျော်ပျော်
သစ်ပင်စိုက်ပွဲသွားစို့နော်
နန်းအွန်ရေထွက်နှင့်ရေစက်ရုံများ
တောင်ကတုံးကို ရောင်ထုံးကြသူများ

No comments:

Post a Comment