Sunday, April 8, 2012

Sorting waste for waste management

အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ်

  မြို့တော်ရန်ကုန်မှာ အမှိုက်ခွဲခြားစွန့်ပစ်စေတဲ့စနစ် စတင်ကျင့်သုံးနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ ထိုသို့ စွန့်ပစ်စေတဲ့စနစ်မှာ အခြေခံအကျဆုံးဖြစ်ပြီး လူတိုင်းအလွယ်တကူ နားလည်နိုင်တဲ့ အမှိုက်အစိုနဲ့ အမှိုက်အခြောက်ဆိုပြီး အမှိုက်ရဲ့ ပြင်ပအခြေအနေကိုခွဲခြား စွန့်ပစ်စေတဲ့ စနစ်နဲ့ စတင် မိတ်ဆက် ကျင့်သုံးစေတာ ဖြစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။

အမှိုက်ခွဲခြားစွန့်ပစ်ရန်အမှိုက်ပုံးများ
 အမှိုက်ခွဲခြားစွန့်ပစ်စေတဲ့ စနစ်မှာ ရည်ရွယ်ချက်ပေါင်းများစွာရှိပြီး အကျိုးကျေးဇူးလည်း များပြားလှပါတယ်။ လက်ရှိကျင့်သုံးတဲ့ စနစ်မှာတော့ အမှိုက်သိမ်းဆည်းရလွယ်ကူပြီး ပြန်လည်ထုတ်လုပ် အသုံးပြုခြင်း (Recycle) ကို မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ပဲ ရည်ရွယ်ထားပုံရပါတယ်။ ဒါကလည်း ဒီလိုစနစ်ကို စတင်ကျင့်သုံးတဲ့ အချိန်မှာ အသင့်တော်ဆုံး ထားရှိသင့်တဲ့ ရည်ရွယ်ချက်ဖြစ်နေပါတယ်။ ပြီးမှ တစ်ဆင့်ပြီး တစ်ဆင့် ပြင်ဆင်ခြင်းအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာကဲ့သို့ Reduce Reuse Recycle ဆိုတဲ့ 3Rs စနစ်နဲ့ အောင်မြင်တဲ့ အမှိုက်စီမံခန့်ခွဲမှုကို ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ဂျပန်နိုင်ငံ၌ လက်ရှိကျင့်သုံးနေသော အမှိုက်ခွဲခြားစွန့်ပစ်စေမှုစနစ်

No comments:

Post a Comment