Sunday, April 8, 2012

Firing in Fuel zone of Pathein City

မြို့တော်ပုသိမ် ဆီဇုန်၌မီးလောင်မှုဖြစ်ပွါး

  မြို့တော်ပုသိမ် အမှတ်(၁၃)ရပ်ကွက် မြို့ပတ်လမ်းမှ စိုင်ခြံကျေးရွာသို့ သွားသည့် လမ်းဘေးတွင် တည်ရှိသော စက်သုံးဆီဇုန်ရှိ ဆီဂိုဒေါင် တစ်ခုတွင် ယနေ့ညနေ (၅)နာရီ(၁၅)မိနစ် ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါတယ်။

  မီးလောင်မှုဖြစ်ပွါးတဲ့ စက်သုံးဆီ ဂိုဒေါင်ကို ဦးဌေးလွင် ပိုင်ဆိုင်ကြောင်းနှင့် ဓါတ်ဆီ လှယ်ရာမှ အပူဖြင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ဂိုဒေါင်မှာ မီးအပူရှိန်ဖြင့် ပေါက်ကွဲခဲ့သော်လည်း ပတ်ဝန်းကျင် ဂိုဒေါင်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း မီးလောင်ရာသို့ မီးသတ်ကားများနှင့် တာဝန်ရှိသူများ အချိန်မီ လာရောက် ဆောင်ရွက်မှုကြောင့် ကြီးမားသော မီးလောင်မှုအဖြစ် မရောက်ရှိဘဲ အချိန်မီ ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရပြီး မြို့တော်ပုသိမ်မှာ မကြာခဏဆိုသလို မီးလန့်မှု မီးလောင်မှုများ ဖြစ်ပေါ်နေသည့် အတွက် ပြည်သူလူထုအနေဖြင့် မီးနှင့် မီးလောင်လွယ်သည့် ပစ္စည်းများကို ပေါ့ပေါ့ဆဆမသုံးကြရန် အထူး လိုအပ်လျက်ရှိကြောင်း နှိုးဆော်တင်ပြလိုက်ရပါတယ်။

ဆီဂိုဒေါင်များမှ ဆီတိုင်ကီများ မီးလွတ်ရာသို့ ရွှေ့ပြောင်းထားပုံ

No comments:

Post a Comment