Tuesday, December 25, 2012

Air crash in Heho

ဟဲဟိုးလေယာဉ်ကွင်းထိပ်၌လေယာဉ်မတော်တဆဖြစ်ပွါးမှု

ယနေ့ နံနက် (၈)နာရီ မိနစ်(၅၀)မှာ မန္တလေးမှ ဟဲဟိုးသို့ ပျံသန်းရောက်ရှိလာတဲ့ Air Baganလေကြောင်းလိုင်းပိုင် Fokker F-100အမျိုးအစား ခရီးသည်တင်ဂျက်လေယာဉ်ဟာ ဟဲဟိုးလေယာဉ်ကွင်း တောင်ဘက် ၀ါးရုံပင်ကျေးရွာအနီး မိတ္ထီလာတောင်ကြီး ပြည်ထောင်စုလမ်းမကြီး ဘေးရှိ 600KV ဓါတ်အားလိုင်းကို တိုက်မိပြီး ရိပ်သိမ်းပြီးစ ပန်းနှမ်းစိုက်ခင်းအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရှိရပါတယ်။


 လေယာဉ်ဟာ လမ်းဘေးမှ သစ်ပင်များကို တိုက်မိပြီး အတောင်ပံများ ပြုတ်ထွက်ကာမီးလောင်ခဲ့ကြောင်း သိရှိရပါတယ်။ ပြုတ်ထွက်သွားတဲ့ အတောင်ပံတစ်ခုဟာ ကားလမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ဆိုင်ကယ်မှာ မီးလောင်ပျက်စီးကာ ဆိုင်ကယ်ပေါ်ပါလာသူ နှစ်ဦးအနက် တစ်ဦးမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ တောင်ကြီးစ၀်စံထွန်း ဆေးရုံမှာ ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။

လေယာဉ်ကိုယ်ထည်မီးလောင်နေစဉ်
မီးလောင်ပျက်စီးနေသောအတောင်ပံ
လေယာဉ်ပေါ်မှာ ခရီးသည် (၆၅)ဦး လေယာဉ်မှူးတစ်ဦး တွဲဘက်လေယာဉ်မှူးတစ်ဦး လေယာဉ်မောင်တစ်ဦး လေယာဉ်မယ်နှစ်ဦး လိုက်ပါခဲ့ပြီး လေယာဉ်ကိုယ်ထည်ကို မီးမလောင်မီ ခရီးသည်များကို လေယာဉ်အတွင်းမှ ဘေးလွတ်ရာကယ်ထုတ်နိုင်ခဲ့သည့်အတွက် ခရီးသည်တစ်ဦးသာ မီးလောင်သေဆုံးခဲ့ကြောင်းသိရပါတယ်။ လေယာဉ်မှူးနှစ်ဦနဲ့ ခရီးသည်(၇)ဦး စုစုပေါင်း(၉)ဦးကိုတော့ မစိုးရိမ်ရတဲ့ဒါဏ်ရာများနဲ့ တောင်ကြီး စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသထားရပါတယ်။ သေဆုံးသူခရီးသည်မှာ မနွယ်လင်းရှိန်ဖြစ်ပြီး နိုင်ငံခြားသားဧည့်လမ်းညွှန်အဖြစ်လိုက်ပါလာခြင်းဖြစ်ကာ ရပ်စောက်သူတစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။

လေယာဉ်အစိတ်အပိုင်းများ
အတောင်ပံအပိုင်းအစတစ်ခု
မီးလောင်သွားသောယာခင်းပြင်
လမ်းမဘေးသစ်ပင်များ

လေယာဉ်ပျက်ကျရာနေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနဲ့ ၀န်ကြီးများ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပြီး လေယာဉ်ပျက်မှ ခရီးသည်များကို ယာယီနေရာချထားပေးတဲ့ လေဆိပ်ဓမ္မာရုံကိုသွားရောက်ကာ နှစ်သိမ့်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
မီးလောင်သွားသောဆိုင်ကယ်
 
 
 
အားပေးစောင့်ရှောက်မှု

No comments:

Post a Comment