Friday, October 19, 2012

Demostration for farmers

အထူးအထွက်တိုးစပ်မျိုးပုလဲသွယ်ဆန်မွှေးစိုက်ကွင်းသရုပ်ပြပွဲ

ကလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရဲ့ အစီအစဉ်နဲ့ ဟဲဟိုးမျိုးပွါးခြံက အင်းခေါင်းဆည်အနီး စိုက်ပျိုးထားရှိတဲ့ ဧက(၁၀၀) အထူးအထွက်တိုးစပ်မျိုးပုလဲသွယ်ဆန်မွှေးစိုက်ကွင်း အောင်မြင်ဖြစ်ထွန်းမှုများကို ကျေးရွာ တောင်သူလယ်သမားများအား ရှင်းလင်းပြသခဲ့ပါတယ်။ ဟဲဟိုးလွင်ပြင်မှာစိုက်ပျိုးတဲ့ ဗာစပါတီဆန်ဟာ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်ပြီး အထွက်အားဖြင့် တစ်ဧက စပါး (၄၅)တင်းလောက်ပဲ ထွက်တယ်လို့သိရပါတယ်။


တာဝန်ရှိသူတစ်ဦးကရှင်းလင်းပြောကြားစဉ်
တောင်သူပညာပေးပြကွက်
စပါးနဲ့ဆန်အမျိုးမျိုး
စပါးဖျက်ပိုးအမျိးမျိုး
ယခုစိုက်ပျိုးပြသထားတဲ့  အထူးအထွက်တိုးစပ်မျိုးပုလဲသွယ်ဆန်မွှေးဟာ ဗာစပါတီဆန်ရဲ့ မူလမျိုးရင်းကို အထူးအထွက်တိုးအောင် ပြုပြင်ထားတဲ့မျိုးဖြစ်လို့ တစ်ဧကစပါး တင်း(၁၂၀)ကျော် ထွက်ရှိမှာ ဖြစ်တယ်လို့သိရပါတယ်။ မျိုးအနေနဲ့လည်း တစ်ဧက ၅ကီလိုသာ စိုက်ရမှာဖြစ်လို့ မျိုးတန်ဘိုး ကုန်ကျစရိတ်မှာလည်း ဗာစပါတီဆန်နဲ့အတူတူဖြစ်တယ်လို့ဆိုပါတယ်။ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၁၄)ချက်အတိုင်း လိုက်နာဆောင်ရွက်ရင် ဒီလိုအထွက်တိုးတယ်ဆိုတာ တောင်သူတွေကို လက်တွေ့သိရအောင် စိုက်ပြရတာပါလို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စိတ်ဝင်တစားလေ့လာကြသည်
ဒီလိုမျိုးကိုဒီလိုစိုက်ရင်ဒီလိုအောင်မြင်ပါတယ်
ပင်ပွါးနဲ့ကောက်နှံကိုရေပြီး အထွက်ခန့်မှန်းလို့ရတယ်
လက်ရှိဈေးကွက်မှာ ဗာစမာတီဆန်ဟာ ဈေးအကောင်းဆုံးဖြစ်ပြီး ဟဲဟိုးဒေသမှာတင် တစ်အိပ်ကို ၉၀၀၀၀ကျပ် ဈေးပေါက်နေတာမို့ တောင်သူများအနေနဲ့ မျိုးပြောင်းလဲစိုက်ပျိုးဖို့ အထူးစိတ်ဝင်စားနေကြကြောင်း သိရှိရပါတယ်။

No comments:

Post a Comment